Thursday, December 11, 2014
အတိတ်တစ်ခုပြီးဆုံးခြင်း
ကျမ ဒီနေ့ ကွာရှင်းပေးလိုက်ပါပြီ။
Wednesday, December 10, 2014
ကျမရဲ့ ဒိုင်ယာရီ ၎
သူနဲ့ ကျမကြား တတိယ မိန်းခလေး ပေါ်လာတဲ့ အချိန်မှာ ကျမဟာ ပြန်ပြောမပြတတ်အောင်
သွေးရူးသွေးတန်း ဖြစ်ခဲ့တယ်။ အဲဒီ အချိန်မှာ ကျမဘ၀ဟာ သူတစ်ယောက်တည်းနဲ့ တည်ဆောက်ထားတာပါ။ သူ့ဘေးမှာ အချိန်ပြည့်ရှိဖိုအတွက် ကျမ ၀ါသနာပါတဲ့ စာရေးခြင်းကို ရပ်ထားလိုက်ခဲ့တယ်။ သူ့ဘေးနားမှာ နေပြီး သူ့ကို ကလေးတစ်ယောက်လို အားကိုးနေရင်းက ကျမရဲ့ စာရေးနိုင်တဲ့ အကြည်ဓါတ်တွေ ကျသွားတာပါ။ စာဖတ်ချိန်တွေ နည်းသွားတယ်။
ကျမသူ့ကို ထမင်းဟင်းချက်ကျွေး မနေပေမယ့် ကျမရဲ့ ကိုယ်ပိုင်အချိန် အများကြီးကို သူ့အတွက် သုံးထားလိုက်တာပါ။ ကျမဘ၀မှာ သူရယ် အလုပ်ရယ်ပဲ ကျန်အောင် နေခဲ့တဲ့ ကျမတို့ ကြားမှာ တတိယမိန်းခလေး ပေါ်လာတာဟာ ကျမအတွက် အိမ်မက်ဆိုးကြီးပါပဲ။
ကျမဆောက်တည်ရာမဲ့နေချိန်မှာ သူစိတ်ကို တတိယမိန်းကလေးက လွမ်းမိုးပစ်လိုက်တယ်။ ကျမ ဘာတွေဖြစ်နေလဲ သူ မသိတော့ဘူး။ သိရင်တောင် အရေးမလုပ်တော့ဘူး။ အမြဲတမ်း ဂရုစိုက်ခံခဲ့ရတဲ့ ကျမ အဲဒီလို သူရဲ့ တုံပြန်မှု ရိုင်းရိုင်းတွေကြားမှာ လုံးဝ ပြိုလဲသွားခဲ့တယ်။
ကျမအဲဒီအချိန်မှာ ဆောက်တည်ရာမဲ့ သွေးရူးသွေးတန်းနဲ့ လူတကာကို ဒီအကြောင်း ရင်ဖွင့်မိတယ်။ သူနဲ့ ပြန်အဆင်ပြေအောင် နေ၇မယ့် အစား ကျမ ၇န်လိုမိတယ်။ သူစိတ်ကလည်း ကျမဆီမှာ မဟုတ်လေတော့ ကျမ လုပ်သမျှတွေဟာ အကုန် အပြစ်တွေ ဖြစ်ကုန်တယ်။
နောက်ဆုံးတော့ ကျမပေးတဲ့ Pressure ကြောင့် သူတို့ ဒီလိုဖြစ်သွားရတယ်လို့ ကျမကို စွတ်စွဲပါရော။
၂ လ သုံးလ ကျမ နေ့တိုင်း ညတိုင်း ငိုရတယ်။ စကားပြောလိုက်ရင် ဘယ်တော့မှ အပေါက်အလမ်း မတည့်တော့ဘူး။ ကျမ အိမ်ကိုလည်း မပြောရဲဘူး။ သူတို့ သဘောမတူတဲ့သူကို ကျမက အတင်းယူထားတာလေ။
ပြန်ညှိဖို့ ကြိုးစားမယ်ပြောတိုင်း သူဘက်က မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေပဲရတယ်။
တကယ်တမ်းတော့ သူတို့၂ယောက်က ကျမနဲ့ မယူခင်ကတည်းက ချစ်ခဲ့ကြတာ။ ကျမသတင်းတွေ သိုးသိုးသဲ့သဲ့ကြားခဲ့ပေမယ့် မယုံခဲ့ဘူး။ သူတို့ ၂ယောက်လုံးရဲ့ စကားကိုပဲ မျက်စီစုံမှိတ်ပြီး ကျမယုံကြည်ခဲ့တယ်။ ဘာလို့ သူတို့ ၂ ယောက်လုံးရဲ့ စကားဖြစ်နေရတာလဲဆိုတော့ အဲဒီမိန်းခလေးက ကျမ ယုံကြည် စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်နေလို့ပဲ။
သူနဲ့ ကျမက ၂၀၁၀ လောက် ကတည်းက ရင်းနှီးပြီး အလုပ်တူတူလုပ်ခဲ့ကြတာ။ ကျမ သူ့ကို အရမ်းခင်တယ်။ သူပွေရှုပ်ပေမယ့် ကျမသူ့ကို ချစ်တယ်။ ယုံကြည်တယ်။ ကျမ အမျိုးသားနဲ့သူနဲ့က နောက်မှ သိကြတာပါ။
ပြီးတော့ သူတို့ တွေ့ခဲ့တဲ့ အချိန်က တကယ့်ကို ခနလေး။ အဲဒီအချိန်တို အတွင်းမှာ သူတို့ ကျမကို ဒီလို ရက်စက်တဲ့ အလုပ် မလုပ်လောက်ဖူးလို့ ကျမ တကယ်ကို ယုံကြည် စိတ်ချခဲ့တယ်။ သူတို့ ကျမကို လိမ်ညာခဲ့ကြတာ သုံးနှစ်နီးပါးပါပဲ။
ကျမ တုံးအ နှံချာလွန်းခဲ့တယ်။ တကယ်တမ်းက အဲဒီလွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူတို့၂ယောက်ဟာ ဗိုက်ရှိတဲ့ အထိ ရင်းနှီးခဲ့ကြတယ်။ ကောင်မလေးကို ဗိုက်တစ်လုံးနဲ့ ထားခဲ့ပြီး ကျမ အမျိုသားက ကျမကို လက်ထပ်ခဲ့တယ်။ ကျမ မသိခဲ့ဘူး။ တကယ်လို့သာ အဲဒီကတည်းက သိခဲ့ရင် ကျမ သူ့ကို မယူပါဘူး။ အဲဒီကတည်းက ပေးလိုက်ခဲ့တယ်။ ကျမတို့သံယောဇဉ်တွေလည်း မခိုင်မာသေးဘူးလေ။
သုံးနှစ်လုံးသံယောဇဉ်တွေ အထပ်ထပ် ချည်နှောင်ခဲ့ပြီးမှ အခု သူ ကျမဆီက ထွက်သွားပြီး ဟိုမိန်းခလေးဆီ ပြန်သွားချင်ခဲ့တယ်တဲ့။
ဆက်ရန်
ကျမသူ့ကို ထမင်းဟင်းချက်ကျွေး မနေပေမယ့် ကျမရဲ့ ကိုယ်ပိုင်အချိန် အများကြီးကို သူ့အတွက် သုံးထားလိုက်တာပါ။ ကျမဘ၀မှာ သူရယ် အလုပ်ရယ်ပဲ ကျန်အောင် နေခဲ့တဲ့ ကျမတို့ ကြားမှာ တတိယမိန်းခလေး ပေါ်လာတာဟာ ကျမအတွက် အိမ်မက်ဆိုးကြီးပါပဲ။
ကျမဆောက်တည်ရာမဲ့နေချိန်မှာ သူစိတ်ကို တတိယမိန်းကလေးက လွမ်းမိုးပစ်လိုက်တယ်။ ကျမ ဘာတွေဖြစ်နေလဲ သူ မသိတော့ဘူး။ သိရင်တောင် အရေးမလုပ်တော့ဘူး။ အမြဲတမ်း ဂရုစိုက်ခံခဲ့ရတဲ့ ကျမ အဲဒီလို သူရဲ့ တုံပြန်မှု ရိုင်းရိုင်းတွေကြားမှာ လုံးဝ ပြိုလဲသွားခဲ့တယ်။
ကျမအဲဒီအချိန်မှာ ဆောက်တည်ရာမဲ့ သွေးရူးသွေးတန်းနဲ့ လူတကာကို ဒီအကြောင်း ရင်ဖွင့်မိတယ်။ သူနဲ့ ပြန်အဆင်ပြေအောင် နေ၇မယ့် အစား ကျမ ၇န်လိုမိတယ်။ သူစိတ်ကလည်း ကျမဆီမှာ မဟုတ်လေတော့ ကျမ လုပ်သမျှတွေဟာ အကုန် အပြစ်တွေ ဖြစ်ကုန်တယ်။
နောက်ဆုံးတော့ ကျမပေးတဲ့ Pressure ကြောင့် သူတို့ ဒီလိုဖြစ်သွားရတယ်လို့ ကျမကို စွတ်စွဲပါရော။
၂ လ သုံးလ ကျမ နေ့တိုင်း ညတိုင်း ငိုရတယ်။ စကားပြောလိုက်ရင် ဘယ်တော့မှ အပေါက်အလမ်း မတည့်တော့ဘူး။ ကျမ အိမ်ကိုလည်း မပြောရဲဘူး။ သူတို့ သဘောမတူတဲ့သူကို ကျမက အတင်းယူထားတာလေ။
ပြန်ညှိဖို့ ကြိုးစားမယ်ပြောတိုင်း သူဘက်က မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေပဲရတယ်။
တကယ်တမ်းတော့ သူတို့၂ယောက်က ကျမနဲ့ မယူခင်ကတည်းက ချစ်ခဲ့ကြတာ။ ကျမသတင်းတွေ သိုးသိုးသဲ့သဲ့ကြားခဲ့ပေမယ့် မယုံခဲ့ဘူး။ သူတို့ ၂ယောက်လုံးရဲ့ စကားကိုပဲ မျက်စီစုံမှိတ်ပြီး ကျမယုံကြည်ခဲ့တယ်။ ဘာလို့ သူတို့ ၂ ယောက်လုံးရဲ့ စကားဖြစ်နေရတာလဲဆိုတော့ အဲဒီမိန်းခလေးက ကျမ ယုံကြည် စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်နေလို့ပဲ။
သူနဲ့ ကျမက ၂၀၁၀ လောက် ကတည်းက ရင်းနှီးပြီး အလုပ်တူတူလုပ်ခဲ့ကြတာ။ ကျမ သူ့ကို အရမ်းခင်တယ်။ သူပွေရှုပ်ပေမယ့် ကျမသူ့ကို ချစ်တယ်။ ယုံကြည်တယ်။ ကျမ အမျိုးသားနဲ့သူနဲ့က နောက်မှ သိကြတာပါ။
ပြီးတော့ သူတို့ တွေ့ခဲ့တဲ့ အချိန်က တကယ့်ကို ခနလေး။ အဲဒီအချိန်တို အတွင်းမှာ သူတို့ ကျမကို ဒီလို ရက်စက်တဲ့ အလုပ် မလုပ်လောက်ဖူးလို့ ကျမ တကယ်ကို ယုံကြည် စိတ်ချခဲ့တယ်။ သူတို့ ကျမကို လိမ်ညာခဲ့ကြတာ သုံးနှစ်နီးပါးပါပဲ။
ကျမ တုံးအ နှံချာလွန်းခဲ့တယ်။ တကယ်တမ်းက အဲဒီလွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူတို့၂ယောက်ဟာ ဗိုက်ရှိတဲ့ အထိ ရင်းနှီးခဲ့ကြတယ်။ ကောင်မလေးကို ဗိုက်တစ်လုံးနဲ့ ထားခဲ့ပြီး ကျမ အမျိုသားက ကျမကို လက်ထပ်ခဲ့တယ်။ ကျမ မသိခဲ့ဘူး။ တကယ်လို့သာ အဲဒီကတည်းက သိခဲ့ရင် ကျမ သူ့ကို မယူပါဘူး။ အဲဒီကတည်းက ပေးလိုက်ခဲ့တယ်။ ကျမတို့သံယောဇဉ်တွေလည်း မခိုင်မာသေးဘူးလေ။
သုံးနှစ်လုံးသံယောဇဉ်တွေ အထပ်ထပ် ချည်နှောင်ခဲ့ပြီးမှ အခု သူ ကျမဆီက ထွက်သွားပြီး ဟိုမိန်းခလေးဆီ ပြန်သွားချင်ခဲ့တယ်တဲ့။
ဆက်ရန်
Tuesday, December 9, 2014
Loneliness
သိပ်အားငယ်တာပဲ
ရေနစ်နေပါပြီကွာ
ဝါးနဲ့ ကူမထိုးပါနဲ့တော့ ....
မလိုတော့ပါဘူး။
ငါ အားလုံးကို အရှုံးပေးထားပြီးပြီပဲ...
ဒါနဲ့များ ငါမျက်ရည်တွေကို ကော်ဖီနဲ့ ဖျော်ပြီး
မင်းက breakfast လုပ်ချင်သေးတာကို။
ငါ အသည်းနှလုံးကိုပါ cookie လုပ်ပြီး စားလိုက်ပါအုံးလား။
ငါ့ဘေးမှာ ဘယ်သူမှ မရှိပါဘူးဆိုမှ
မင်းထွက်သွားလည်း တိုးတိုးတိတ်တိတ်ပဲ ထွက်သွားစမ်းပါ။
ပြဿနာတွေ မလုပ်ကြစမ်းပါနဲ့။
ငါ အသက်ရှူရပ်တော့မယ်။
ငါ တကယ် တစ်ယောက်တည်းပါကွာ...
ရေနစ်နေပါပြီကွာ
ဝါးနဲ့ ကူမထိုးပါနဲ့တော့ ....
မလိုတော့ပါဘူး။
ငါ အားလုံးကို အရှုံးပေးထားပြီးပြီပဲ...
ဒါနဲ့များ ငါမျက်ရည်တွေကို ကော်ဖီနဲ့ ဖျော်ပြီး
မင်းက breakfast လုပ်ချင်သေးတာကို။
ငါ အသည်းနှလုံးကိုပါ cookie လုပ်ပြီး စားလိုက်ပါအုံးလား။
ငါ့ဘေးမှာ ဘယ်သူမှ မရှိပါဘူးဆိုမှ
မင်းထွက်သွားလည်း တိုးတိုးတိတ်တိတ်ပဲ ထွက်သွားစမ်းပါ။
ပြဿနာတွေ မလုပ်ကြစမ်းပါနဲ့။
ငါ အသက်ရှူရပ်တော့မယ်။
ငါ တကယ် တစ်ယောက်တည်းပါကွာ...
Friday, November 28, 2014
ငါးနှစ်ကောင်
မင်းဟာ ငါ့ရဲ့ ဒုတိယ ကိုယ်တစ်ခြမ်းမဟုတ်ခဲ့သလို
ငါဟာလည်း မင်းရဲ့ နံရိုးတစ်ချောင်းမဟုတ်ခဲ့ဘူး...
ငါတို့တွေ ရေလိုက်လွဲခဲ့ကြတယ်။
ငါဟာလည်း မင်းရဲ့ နံရိုးတစ်ချောင်းမဟုတ်ခဲ့ဘူး...
ငါတို့တွေ ရေလိုက်လွဲခဲ့ကြတယ်။
ကျမရဲ့ ဒိုင်ယာရီ ၃
မနေ့က ဆုံးဖြတ်ပြီးတဲ့ အထိကို ကျမ ဒွိဟတွေနဲ့ တွေဝေတဲ့ စိတ်နည်းနည်းကျန်နေပါတယ်။
ဒီမနက်တော့ အစည်းအဝေးလုပ်နေတဲ့ အချိန် သူ့ကို ကျမ ထိုင်ကြည့်နေခဲ့တယ်။ ခါတိုင်း သူ့ရဲ့ မျက်နှာ သူ့ အမူအရာတွေကို ကျမ အဲဒီလောက် သတိထားပြီး မကြည့်ခဲ့ဖူးဘူး။
ကျမ မနှစ်သက်တဲ့ သူ့ရဲ့ အမူအကျင့်တွေဆိုရင် ကျမစိတ်ထဲ အရှုပ်ခံပြီး ထည့်မထားခဲ့ဘူး။ သူနဲ့ ပတ်သက်တဲ့ ကောင်းတာလေးတွေ ချစ်စရာလေးတွေကိုပဲ စိတ်ထဲ သိမ်းထားခဲ့တာ။ အခုတော့ သူကို စေစေ့ကြည့်လေ သူ့မှာ ကျမ မနှစ်သက်တာတွေ များလေဆိုတာ သိလာခဲ့တယ်။ သူများတွေနဲ့ ယှဉ်ရင် သာမန်ထက် ပိုတော်နေတော့ သူမှာ သူ့ကိုယ်သူ နည်းနည်း ဂုဏ်ယူနေတဲ့ ပုံစံတွေရှိတယ်။ အထူးသဖြင့် English လိုပြောတဲ့အချိန်ဆိုရင် သူ့မျက်နှာအမူအယာက တော်တော်လေး ကြည့်မရချင်စရာကောင်းတယ်။
ဝက်သား၊ ၀က်ဆီကြိုက်တတ်လွန်းတဲ့ သူ့မှာ အဆီပိုတွေလည်း အများကြီးပဲ။ ဘီယာသောက်ထားလို့ ဗိုက်လည်းထွက်နေသေးတယ်။
စိတ်ရှုပ်လို့ဆိုပြီး ကတုံးတုံးထားလို့ မျက်နှာဝိုင်းဝိုင်း မဲမဲကြီးလဲ ရှိသေးတယ်။
ခြေထောက်ကို ဘယ်တော့မှ အချိန်ယူပြီး မဆေးလို့ သူ့ခြေထောက်ညစ်ညစ်ပေပေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
အခုတစ်လောဆို ဆောင်းတွင်းအေးလို့ ညနေ အိမ်ပြန်ရင် ရေမချိုး မျက်နှာမသစ် သွားမတိုက်ပဲ အိပ်တတ်သေးတယ်။
နောက်တစ်ခုက ဒေါသထွက်လည်း မြန်တယ်။ စိတ်မြန်လက်မြန်နဲ့ တစ်ချိန်လုံး ဒေါသတွေထွက် ပူလောင်နေတတ်တဲ့ သူပေါ့။ ဖုန်းခေါ်မရရင် ဖုန်းနဲ့ ရန်ဖြစ်တယ်။ ခလုပ်တိုက်ရင် လှေကားနဲ့ ရန်ဖြစ်တယ်။ ဆိုင်ကယ်ဆီကုန်ရင် ဆိုင်ကယ်နဲ့ ရန်ဖြစ်တယ်။
သူဆီမှာ အချိန်မရွေးပေါက်ကွဲစရာ တစ်ခုခုတော့ ရှိနေတာပဲ။
ဒီသုံးနှစ်အတွင်းမှာ သူဟာ တစ်ဖြည်းဖြည်း ကြမ်းတမ်းတဲ့ လူတစ်ယောက်ဖြစ်လာတယ်။ စစချင်းတုန်းကတော့ သူဟန်ဆောင်ပြီး ကျမကို ပျော့ပျောင်းနေတာ ဖြစ်နိုင်တယ်။ အခုတော့ သူဟာ ကျမနဲ့ဆို ပျော့ပျောင်းသာယာတဲ့ သူတစ်ယောက် မဟုတ်တော့ဘူး။ တစ်ခြားသူတွေနဲ့ ချိုသာနေပေမယ့် ကျမကိုဆို တစ်ထစ်ရှိ သူအော်မယ် ဟောက်မယ် ဖြစ်လာတယ်။ စိတ်ဆိုးမယ်။ ဒေါသထွက်မယ်။ စိတ်မရှည်ဖြစ်မယ် ဖြစ်လာရော။
ကျမအတွက် သူဟာ တစ်စိတ်တစ်ပိုင်း ကြောက်ရွံ့စရာလူတစ်ယောက် ဖြစ်ဖြစ်လာတယ်။ ကျမဘာလုပ်လုပ် သူစိတ်ဆိုးမှာ စိုးရိမ်လာရတယ်။ မကြောက်တဲ့ပုံ ဖမ်းပြီး ခပ်တည်တည်ပဲ ကျမနေပါတယ်။ ဒါပေမယ့် မသိစိတ်မှာ သူရဲ့ ဒေါသကို ကြောက်နေတယ်။ သူ့မှာ ကျမကို လွမ်းမိုးနိုင်တဲ့ စိတ်စွမ်းအင် တစ်ခုရှိနေသလိုပဲ။
တစ်ခုခုလုပ်မယ်ဆိုတိုင်း အသေးအမွားလေးက အစ ကျမ သူ့ကိုပဲ အားကိုးမိတယ်။ တိုင်ပင်မိတယ်။ သူ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေမိတယ်။ ဒါတွေဟာ သူ့ကို ၀န်ပိစေသလို ကျမကိုလည်း Self confident ကျလာစေတယ်။ ဘယ်အချိန်မှာ စဖြစ်သွားလဲမသိပေမယ့် ကျမသတိထားမိတဲ့ အချိန်မှာ ကျမဟာ လောင်းရိပ်မိနေပြီဆိုတာပါပဲ။
သူနဲ့ ကျမ မတူညီတဲ့ အချက်တွေ အများကြီးရှိတယ်။ အစားအစာကြိုက်တတ်တာချင်း မတူဘူး။ သူက အဆီများတဲ့ မြန်မာဟင်းတွေကြိုက်တယ်။ ကျမက ထမင်းတောင် သိပ်မကြိုက်တဲ့လူစား။ ခေါက်ဆွဲပြုတ်နဲ့ ဖြစ်ဖြစ်၊ အာလူးပြုတ်နဲ့ ဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ ဖြစ်ဖြစ် နေတတ်တဲ့သူမျိုး။ ပြီးတော့ မီးဖိုချောင်အလုပ်ကို အပိုအလုပ်လို့ ထင်တဲ့သူမျိုး။
ကျမချက်တတ်တဲ့ ဟင်းတွေနဲ့ သူကြိုက်တတ်တဲ့ ဟင်းတွေက တူမနေဘူး။ သူက ကျမချက်တာတွေကို လိုက်ကြိုက်ပေးခဲ့ပါတယ်။ ကျမကသာ သူကြိုက်တဲ့ ဒညင်းသီး၊ ဆူးပုတ်တွေကို လိုက်မကြိုက်ခဲ့တာ။
သူနဲ့ ကျမ မတူညီတဲ့ အချက်တွေမှာ အဲဒီတစ်ခုလည်းပါတယ်။ သူက သူချစ်တဲ့သူ အကြိုက်လိုက်နေနိုင်အောင် အတင်းလိုက်ကြိုးစားချင်တယ်။ ကျမက သူဖြစ်တည်မှုအတိုင်းလေးပဲ ချစ်ချင်တယ်။ သူ ကျမကြိုက်တာတွေ လိုက်မကြိုက်လို့ ကျမ သူ့အပေါ်မှာ ချစ်တဲ့စိတ် လျှော့သွားမှာ မဟုတ်ပါဘူး။
ကျမလိုချင်တဲ့ လက်တွဲဖော်ဟာလည်း ကျမ ဖြစ်တည်မှုလေးအတိုင်း ကျမကို ချစ်နေစေချင်တယ်။ သူက ကျမကို တစ်ကိုယ်ကောင်းဆန်တယ်လို့ စွတ်စွဲတယ်။ သူဘက်က ကြည့်ရင်တော့ အဲဒီအတိုင်းပေါ့နော်။ ကျမက ကျမအကျင့်တွေကို သူ့ကြိုက်ဖို့ အတွက် အကုန်လုံး လိုက်မပြင်ခဲ့ဘူး။
ကျမနိုင်သလောက်လေး ကျမ ပြောင်းလဲပေးခဲ့တယ်။ သူက အဲဒီထက်ပိုပြီး မျှော်လင့်ခဲ့တယ်။ သူ့ကို ကျမ တစ်ခါမှ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ မတောင်းဆိုခဲ့ပေမယ့် သူကတော့ ကျမပျော်ဖို့အတွက်က သူမပျော်လည်း လိုက်လုပ်ခဲ့တဲ့ အရာတွေရှိခဲ့တယ်။
အဲဒါကြောင့်လည်း သူ့စိတ်မှာ ဒါဏ်ရာတွေရလာခဲ့တယ်။ ကျမကကျတော့ သူ့အတွက် မစဉ်းစားဘူး။ သူပဲ အမြဲ ကျမအတွက် စဉ်းစားပေးရတယ်။ ကျမက သူ့ကို ထည့်မတွက်ခဲ့ဘူးလို့ သူထင်ခဲ့တယ်။ သူ့ဘက်ကကြည့်ရင် သူမှန်ခဲ့ပြီးတော့ ကျမဘက်က ကြည့်ရင် ကျမ မှန်ခဲ့တယ်။
ဒီလိုနဲ့ ခံယူချက်၊ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ အယူအဆ၊ တန်ဖိုးထားမှုချင်း ကွာခြားလွန်းနတဲ့ ကျမတို့၂ယောက်ဟာ ပတ်ဝင်းကျင် အသိုင်းအ၀ိုင်းကြားက တားတဲ့ကြားထဲက အချစ်တစ်ခုနဲ့ ဘ၀ကို တည်ထောင်ဖို့ အတင်းစွတ်ကြိုးစားခဲ့ကြတာ ရက်ပေါင်း ၉၇၄ ရက်အတွင်းမှာ အက်ကြောင်းတွေက ကျမတို့ရဲ့ ပျော်ရွင်သာယူတဲ့ အိမ်ထောင်ရေးလေးကို ပြန်ဆက်မရအောင် ပြိုကွဲသွားစေပါတော့တယ်။
သူ့ဘက်မှာလည်း ကျမနဲ့ ကျန်တဲ့ ဘ၀တစ်လျှောက်လုံးကို ရင်ဆိုင်ကြဖို့ ယုံကြည်ချက်မရှိတော့ သလို၊ ကျမဘက်ကလည်း ကျမကို အကြိမ်ကြိမ် လှည့်ဖျားခဲ့တဲ့ သူ့ကို ဘ၀တစ်ခုလုံး ဆက်ပြီးပုံအပ်ထားဖို့ ယုံကြည်ချက် မရှိတော့တာ အမှန်ပါပဲ။
ဒီလိုနဲ့ ကျမတို့၂ယောက်ကြားက မေတ္တာတရားတွေက တစ်ဖြည်းဖြည်းပျောက်ဆုံးလာခဲ့တယ်။
တကယ်လို့သာ တတိယလူသာ ကျမတို့ ကြားမှာ ပေါ်မလာခဲ့ရင် ကျမတို့ အက်ကွဲကြောင်းလေးတွေကို ပြန်ပြင်ဖို့ ဒီထက်ပိုပြီး အခွင့်အရေးနဲ့ အချိန် ရခဲ့လိမ့်မယ်လို့ ကျမထင်ပါတယ်။ တတိယလူပေါ်လာတဲ့ အချိန်မှာ ကျမဟာလည်း လုံးဝကို လဲပြိုကျပြီး သူဘာဖြစ်နေလဲ ဂရုစိုက်နိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။
ကျမဟာ မိန်းမ မဆန်တဲ့ မိန်းခလေး တစ်ယောက်ဖြစ်နေပေမယ့် ဒီကိစ္စမှာတော့ မိန်းခလေးတစ်ယောက်လိုပဲ တုံပြန်ဖြစ်ပါတယ်။ ကျမဟာ သာမန်မိန်းခလေးနဲ့ သိပ်မကွာခြားတဲ့ မိန်းမတစ်ယောက်ပါ။
ဆက်ရန်
Thursday, November 27, 2014
ကျမရဲ့ ဒိုင်ယာရီ ၂
ပြောချင်တာကတော့
သူက တော်တဲ့ ထက်မြက်တဲ့ မဟုတ်မခံတဲ့ စိတ်မြန်တဲ့ စိတ်ဆတ်တဲ့ ယောကျာင်္းတစ်ယောက်
ပြီးတော့ ယောကျာင်္းဝါဒီကို ကိုင်ဆွဲထားတဲ့ လူတစ်ယောက်...
ဒီနေ့
ကျမတို့ လက်ထပ်တာ ရက်တစ်ထောင်ပြည့်ဖို့ ၂၆ ရက် အလို....
ကျမတို့
၂ယောက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ကျန်ရှိတဲ့
ကျမရဲ့ သက်တမ်းတစ်ဝက်လောက်ကို ကျမ သူ မပါပဲ ဆက်လျှောက်ရပါတော့မယ်။
ကျမ
သူ့ကို မှီခိုပြီးနေလာတာ သုံးနှစ် နီးပါး
လောင်းရိပ်မိ
အချောင်ခို အေးအေးသာသာ ဘ၀ကို ရေဆုန်မျောလိုက်ခဲ့တာပေါ့။
အခုတော့
ကျမ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်၊ ကိုယ့်သမိုင်းကိုယ် ရေး၊ ကိုယ်ဘ၀ကို ကြောင်းဖို့
ကြိုးစားရမယ့် အချိန်ရောက်လာပါပြီ။ ခါတိုင်း ဒီယောကျာင်္းကြောင့် ကျမ မလုပ်ခဲ့ရတဲ့
အလုပ်တွေ လုပ်လို့ရတော့မယ်။
ကျမတို့ရဲ့
စိတ်တွေက အမြဲပြောင်းလဲနေတတ်တဲ့ သဘောမို့ ကျမလည်း တစ်ယောက်တည်းကျန်ခဲ့မယ်လို့
တွေးပြီး စိတ်ပူ အားငယ်မိတဲ့ အချိန်တွေ အများကြီးရှိပါတယ်။ ကျခဲ့ရတဲ့
မျက်ရည်တွေလည်း မနည်းဘူး ။
ဒီနေ့ကတော့
ကျမစိတ်တွေ ကြံ့ခိုင်နေပါတယ်။
ကျမယုံကြည်တယ်။
သူ မပါလည်း ကျမ လုပ်နိုင်တဲ့ အလုပ်တွေ အများကြီးရှိသေးတယ်ဆိုတာကိုလေ။
ကျမတို့
တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပါတယ်။ အခုလည်း သူ့ကို ကျမ ချစ်ပါတယ်။ နောက်တော်တော်ကြတဲ့
အထိလည်း ချစ်နေအုံးမှာပါပဲ။ သူဟာ ကျမအတွက် အားကိုးရတဲ့
ယုံကြည်ရတဲ့
ချစ်ခင်ရတဲ့ ခင်ပွန်းကောင်း တစ်ယောက်ပါ။ ဒါနဲ့များ ဘာလို့ လမ်းခွဲကြမလဲဆိုတော့...
သူဟာ
နောက်ထပ် မိန်းခလေးတစ်ယောက်အတွက်လည်း အဲဒီလို ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင်
သူကြိုးစားနေလို့ပါ။
အဲဒီမိန်းခလေးဟာ
သူ့အတွက် တတိယအိမ်ထောင် ဖြစ်သွားပါလိမ့်မယ်။ ကျမက သူ့ရဲ့ ဒုတိယ အမျိုးသမီး။ ပထမ
အမျိုးသမီးမှာက ၄ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။
ကျမနဲ့
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တွေ့ခဲ့တုန်းက ကျမဟာ သူအိမ်ထောင်ရှိမှန်း သိသိနဲ့
ရှေ့ဆက်တိုးခဲ့တာပါ။ တကယ်လည်း သူ့ကို တစ်သက်စာအတွက် ယုံကြည်ရတဲ့
ယောကျာ်းတစ်ယောက်လို့ ထင်မှတ်ခဲ့မိတယ်။ အခုလည်း ကျမသူ့ကို အဲဒီလို ခံစားနေရတုန်း။
နောက်တစ်ယောက် ရှိနေတာ ကျမ မျက်မြင်ကိုယ်တွေ့ပါ။ ဒါပေမယ့် အဲဒါတောင် ကျမသူ့ကို
တွယ်တာနေတုံး။ တကယ်လို့သာ သူသာ ကျမအပေါ်မှ အရင်လို ချစ်ခင်ကြင်နာ ဂရုစိုက်မယ်ဆိုရင်
ကျမ မသိချင်ယောင်ဆောင်ပြီး သူဘေးမှာ ဆက်နေဖို့ ကြိုးစားနေမိအုံးမလား
မသိဘူး။
ဒါကြောင့်
မိန်းမတွေဟာ နှာခေါင်းသာ မပါရင် ချီးကျွေးတောင် စားလိမ့်မယ်လို့ ပြောကြတာ။
ချစ်မိနေတော့ အဲဒီလူ ကိုယ်ဘေးမှာ ဘယ်လိုရှိနေရှိနေ ရှိနေစေချင်သေးတာ။
ဒီနေ့တော့
လမ်းခွဲလိုက်ဖို့ ကျမ သတ္တိရှိရှိ ကြိုးစား ဆုံးဖြတ်လိုက်ပါတယ်။
သူရှိနေတဲ့အချိန်လည်း သူ့စိတ်က ကျမဆီမှာ ရှိချင်မှ ရှိနေမှာပါ။ သူစိတ်ထဲမှာ
အသစ်ကလေးပဲ လွမ်းမိုးနေမှာ သေချာသလောက်ရှိပါတယ်။ သူကျမဘေးမှာ မရှိတဲ့အချိန်ဆိုရင်
ကျမကို ဖုန်းတောင် မဆက်တော့ပါဘူး။ ကျမဟာ တစ်ဖြည်းဖြည်းနဲ့ ဘေးလူ အပြင်လူတစ်ယောက်
ဖြစ်လာပါတယ်။
သူတို့
ရှေ့ဆက်ပြီး အိမ်ထောင်တစ်ခု ထူထောင်ကြမလား။ ဒါမှမဟုတ် ဒီတိုင်းပဲ ရပ်လိုက်ကြမလား
ကျမ သေချာမသိပါဘူး။ ဒါပေမယ့် သူက လူသာဘေးနားရှိနေပေမယ့် စိတ်က အဝေးမှာဖြစ်နေတယ်။
ကျမတို့ ၂ ယောက်ကြားက နားလည်မှုတွေ မရှိတော့ဘူး။ ဘ၀က အဓိပ္ပါယ်မဲ့
ရှင်သန်နေရသလိုပါပဲ။
ကျမတို့
၂ယောက်ကြားက အိမ်ထောင်ရေး သာယာမှု ပြန်ရမလား မရဘူးလား မသေချာဘူး။
သူကျမကို
ချစ်နေတာက တကယ်လား ဟန်ဆောင်နေတာလား မသေချာဘူး။
သူပြောနေတဲ့
စကားတွေကို အရင်လို ကျမ ယုံကြည်လိုက်လို့ရလား မရလား မသေချာဘူး။
ဒွိဟတွေ
မောဟတွေနဲ့ မွန်းကြပ်လွန်းပါတယ်။
ဆက်ရန်
Wednesday, November 26, 2014
ကျမရဲ့ ဒိုင်ယာရီ ၁
ဒီဘလော့လေးက ကျမရဲ့ တတိယမြောက် ဘလော့လေးပါ။
ဘလော့စာမျက်နှာတွေဟာ Facebook စာမျက်နှာတွေလို ခေတ်မစားတော့မှန်း ကျမသိပါတယ်။ ဒါပေမယ့် ဒီဘလော့မှာ ကျမခံစားနေရတဲ့ ခံစားချက်အမှန်တွေကို ရိုးရိုးသားသားရေးချင်လို့ ကျမဒီစာမျက်နှာကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အရင်ဘလော့ ၂ ခုမှာ တစ်ခုက ကျမ password ပျောက်သွားလို့ ဆုံးရှုံးခဲ့ပါတယ်။ ဒုတိယမြောက်တစ်ခုကတော့ ကျမဘယ်သူဆိုတာ သိနေတဲ့ အသိုင်းအ၀ိုင်းကလူတွေရှိနေပါတယ်။ အဲဒီတော့ ရိုးသားချင်သလောက် ရိုးသားလို့မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဟုတ်ကဲ့ ဘာတွေများ ရေးချင်လို့ ဘလော့တစ်ခုကို သက်သက်ကြီးဖွင့်နေသေးလဲပေါ့နော်။ ဒီလိုမေးခွန်းတွေရှိချင်ရှိမှာပါ။ ပြောသာပြောရတယ် ကိုယ်ရေးထားတဲ့စာ ဘယ်သူက အချိန်ကုန်ခံပြီး ဖတ်ပါ့မလဲ။ မသေချာပါဘူး။ ဘယ်သူ့အတွက်မှလည်း ဒီစာတွေကို ရေးမှာမဟုတ်ပါဘူး။ ကျမအတွက် ကျမ ရိုးရိုးသားသား မှတ်တမ်းထားယုံသက်သက်ပါပဲ။
ကျမက လူမှုရေးပြဿနာတွေနဲ့ အသက် ၃၀ ပြည့်လုလု မိန်းမတစ်ယောက်ပါ။
ဘယ်လိုလူမှူရေး ပြဿနာလဲဆိုတာ့ အိမ်ထောင်ရေး ပြဿနာပါ။ ဟုတ်ကဲ့ ကျမက အိမ်ထောင်သည်ပါ။ အပြင်မှာလည်း အလုပ်လုပ်ပါတယ်။ ကလေးမရှိဘူး။ ကျမတို့၂ယောက်လုံးက NGO ရုံးတစ်ခုမှာ တူတူအလုပ်လုပ်ကြပါတယ်။
ကျမယောကျာင်္းက သိပ်တော်တဲ့ ထက်မြက်တဲ့ လူတစ်ယောက်ပေါ့။ ကြွားပြောတာမဟုတ်ပါဘူး။ တကယ်တော်တဲ့လူပါ။ ရုံးတစ်ရုံးလုံးရဲ့ မန်နေဂျာလုပ်နေတဲ့ အပြင် နောက်လဆို ရာထူးတတ်ပြီး ရန်ကုန်ကို ပြောင်းတော့မှာပေါ့။
သူတတ်သွားတဲ့ ရာထူးက ပုံမှန်ဆိုရင် နိုင်ငံခြားသားတွေသာ ခန့်တဲ့
ရာထူးမျိုး။ ကျမတို့ရုံးမှာ အဲဒီရာထူးနဲ့ အဲဒီ Level ကို မြန်မာထဲက ရဖူးတာ သူနဲ့
နောက်နှစ်ယောက် ၃ ယောက်ပဲ ရှိဖူးတယ်။
သူက အဲဒီလိုတော်သလို လူချစ်လူခင်လည်းများပါတယ်။ အထက်ဖား
အောက်ဖိလူတွေကို သူမုန်းတယ်။ အဲဒီတော့ လက်အောက်ငယ်သားတွေက သူ့ကိုချစ်ပြီး
မဟုတ်မခံစိတ်ရှိပြီး ဘာမဆို သူမှန်တယ်ထင်တဲ့အတိုင်း ပြန်ပြောတတ်တဲ့အတွက်
တစ်ချို့တွေကတော့ သူ့ကို မုန်းကြတယ်။
ဆက်ရန်
ကတ္တီပါ လမ်းခွဲ
ဒီနေ့ ၁၁လပိုင်း ၂၇ ရက် ၂၀၁၄ ခုနှစ်....
ကျမ အမျိုးသားနဲ့ တရားဝင်လက်မှတ်ထိုး လက်ထပ်ထားတာ
၉၇၄ ရက်မြောက်နေ့....
ရက်တစ်ထောင်ပြည့်ဖို့ ၂၆ ရက် အလို....
ကျမတို့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။
ကျမ အမျိုးသားနဲ့ တရားဝင်လက်မှတ်ထိုး လက်ထပ်ထားတာ
၉၇၄ ရက်မြောက်နေ့....
ရက်တစ်ထောင်ပြည့်ဖို့ ၂၆ ရက် အလို....
ကျမတို့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။
ခေါင်းလောင်းသံလေးသို့...
သူ့အသံလေး ကြားလိုက်ရင်ပဲ
ရင်ထဲ အေးအေးသွားတယ်...
ကျမ သူ့ဆီက ဘာမှ မလိုချင်ပါဘူး
လိုက်လည်း မရှုပ်ချင်ဘူး
သူ့ဘ၀ထဲကို ကိုယ်ဝင်သွားချင်တာလည်း မဟုတ်ဘူး။
ကိုယ့်ဘ၀ထဲကို သူ့ကို ၀င်လာစေချင်တာလည်း မရှိဘူး။
ဒါပေမယ့် သူ့အသံလေးက အေးချမ်းလွန်းတယ်...
ရင်ထဲ အေးအေးသွားတယ်...
ကျမ သူ့ဆီက ဘာမှ မလိုချင်ပါဘူး
လိုက်လည်း မရှုပ်ချင်ဘူး
သူ့ဘ၀ထဲကို ကိုယ်ဝင်သွားချင်တာလည်း မဟုတ်ဘူး။
ကိုယ့်ဘ၀ထဲကို သူ့ကို ၀င်လာစေချင်တာလည်း မရှိဘူး။
ဒါပေမယ့် သူ့အသံလေးက အေးချမ်းလွန်းတယ်...
Tuesday, November 25, 2014
တိမ်တွေဖုံးတဲ့လ ၂
Version 1....
ခေါင်းလောင်းသံလေးရေ…
အဲဒီညက
လမ်းတွေပေါ်မှာ
High
heel မဟုတ်ပဲ
Allstar
စီးပြီး လျှောက်ခဲ့ကြတယ်။
အဲဒီညက
မိုးတွေရွာနေပေမယ့်
ထီးမဆောင်းပဲ
ရယ်မောပျော်ရွင်
ရှက်ရွံ့ခဲ့ကြတာပေါ့။
အဲဒီညက
နှင်းတွေကြားမှာ
မတော်တဆမဟုတ်ပဲ
တမင်ကို တွေ့ခဲ့ကြတာ။
ခေါင်းလောင်းသံလေးရေ
တစ်ချိန်က
အစီအစဉ်တကျ ငါတို့ ဝေးခဲ့ပေမယ့်…
ဒီတစ်ခါတော့
အသေအချာကို ငါနင့်ဆီပြန်ခဲ့ချင်တယ်…
နင်စောင့်နေမှာလားဟင်….
........................................................................................................
Version 2.....
High
Heel မစီးခဲ့ဘူး
All
star စီးခဲ့တယ်
မိုးတွေရွာနေတယ်...
ထီးမဆောင်းပေမယ့်
ပျော်ရွင်ခဲ့သားပဲ...
နှင်းတွေကြားထဲပါပဲ
မတော်တဆတော့
မဟုတ်ခဲ့ဘူး...
ဒီတစ်ခါတော့
အစီအစဉ်တကျလေး
ငါ
နင့်ဆီ ပြန်လာမယ်...
ခေါင်းလောင်းသံလေးရေ....
စောင့်နေပေးပါ...
ကြိုးတွေနဲ့
ချည်မနှောင်ထားဘူး....
လွတ်လွတ်လပ်လပ်လေး
ချစ်ခင်ကြမယ်လေ
နော့်...
ကျားတစ်ကောင်
ကျားတေလေတစ်ကောင်ပေါ့ဗျာ
သူအတွက် ဘယ်တော့မှ မဖွင့်ရဘူးလို့ ထင်တဲ့
ကျနော့် ရင်ဘက်တံခါးကိုလာခေါက်တယ်။
ကျနော်ဖွင့်တော့ ၀င်မလာတော့ဘူး။
ပျောက်သွားပြန်တယ်။
အခု ကျနော် အဲဒီတံခါးကို ပြန်ပိတ်လိုက်ရမလား။
စေ့ထားရမလား။
ဒါမှမဟုတ် ဖွင့်ထားရအုံးမလား။
ဘယ်လိုပဲဖြစ်ဖြစ်
ကျနော့်ရင်ဘက် အတွင်းဒေါင့်လေးမှာ
လာမယ်မဟုတ်တဲ့ သူ့အတွက် နေရာတစ်ခု ချန်ထားမိတာ
ကြာပြီထင်ရဲ့။
နောက်တစ်ခါ သူတံခါးလာခေါက်ရင်တော့
သူ ငါးမိနစ်နေနေ တစ်မိနစ်နေနေ
ကျနော် သူ့နေရာလေးကို ပြလိုက်တော့မယ်ဗျာ...
သူအတွက် ဘယ်တော့မှ မဖွင့်ရဘူးလို့ ထင်တဲ့
ကျနော့် ရင်ဘက်တံခါးကိုလာခေါက်တယ်။
ကျနော်ဖွင့်တော့ ၀င်မလာတော့ဘူး။
ပျောက်သွားပြန်တယ်။
အခု ကျနော် အဲဒီတံခါးကို ပြန်ပိတ်လိုက်ရမလား။
စေ့ထားရမလား။
ဒါမှမဟုတ် ဖွင့်ထားရအုံးမလား။
ဘယ်လိုပဲဖြစ်ဖြစ်
ကျနော့်ရင်ဘက် အတွင်းဒေါင့်လေးမှာ
လာမယ်မဟုတ်တဲ့ သူ့အတွက် နေရာတစ်ခု ချန်ထားမိတာ
ကြာပြီထင်ရဲ့။
နောက်တစ်ခါ သူတံခါးလာခေါက်ရင်တော့
သူ ငါးမိနစ်နေနေ တစ်မိနစ်နေနေ
ကျနော် သူ့နေရာလေးကို ပြလိုက်တော့မယ်ဗျာ...
Subscribe to:
Comments (Atom)