Tuesday, November 25, 2014

တိမ်တွေဖုံးတဲ့လ ၂

Version 1.... 

ခေါင်းလောင်းသံလေးရေ…
အဲဒီညက လမ်းတွေပေါ်မှာ
High heel မဟုတ်ပဲ
Allstar စီးပြီး လျှောက်ခဲ့ကြတယ်။

အဲဒီညက မိုးတွေရွာနေပေမယ့်
ထီးမဆောင်းပဲ
ရယ်မောပျော်ရွင် ရှက်ရွံ့ခဲ့ကြတာပေါ့။

အဲဒီညက နှင်းတွေကြားမှာ
မတော်တဆမဟုတ်ပဲ တမင်ကို တွေ့ခဲ့ကြတာ။

ခေါင်းလောင်းသံလေးရေ
တစ်ချိန်က အစီအစဉ်တကျ ငါတို့ ဝေးခဲ့ပေမယ့်…
ဒီတစ်ခါတော့ အသေအချာကို ငါနင့်ဆီပြန်ခဲ့ချင်တယ်…
နင်စောင့်နေမှာလားဟင်….


........................................................................................................

Version 2.....

High Heel မစီးခဲ့ဘူး
All star စီးခဲ့တယ်

မိုးတွေရွာနေတယ်...
ထီးမဆောင်းပေမယ့်
ပျော်ရွင်ခဲ့သားပဲ...

နှင်းတွေကြားထဲပါပဲ
မတော်တဆတော့ မဟုတ်ခဲ့ဘူး...

ဒီတစ်ခါတော့
အစီအစဉ်တကျလေး
ငါ နင့်ဆီ ပြန်လာမယ်...

ခေါင်းလောင်းသံလေးရေ....

စောင့်နေပေးပါ...

ကြိုးတွေနဲ့ ချည်မနှောင်ထားဘူး....

လွတ်လွတ်လပ်လပ်လေး

ချစ်ခင်ကြမယ်လေ နော့်...

No comments:

Post a Comment